Classic Trauma healing

ဤသင်တန်းသည် စာဖတ်တတ်သော လူကြီးများအတွက်ဖြစ်သည်။
အသင်းတော် ခေါင်းဆောင်များ၊ စစ်ရှောင်စခန်းများကို ဦးဆောင်နေသောသူများ၊ နှင့် အသင်းတော် လူကြီးများအတွက် အထူး သင့်လျော်ပါသည်။

သင်တန်းတစ်ကြိမ်ပြုရန် အနည်းဆုံး (၃) ရက်လိုအပ်ပါသည်။ ပုံမှန်အားဖြင့် သင်တန်းတစ်ကြီမ်လျှင် ၅ ရက် ကြာမြင့် ပါသည်။

သင်တန်း အမျိုးစားများ

စိတ်ဒဏ်ရာများကို ကျန်းမာစေခြင်း သင်တန်းတွင် အောက်ပါ သင်တန်း အဆင့်များ ပါဝင်သည်။

ထိပ်ပိုင်း ခေါင်းဆောင်များကို လှုံ့ဆော် စည်းရုံးခြင်းအဆင့် (Convening session)။

ဤသင်တန်းပြုလုပ်ရခြင်း၏ ရည် ရွယ်ချက်မှာ အဖွဲ့အစည်းအတွင်းရှိ ထိပ်ပိုင်းခေါင်းဆောင်များကို စိတ်ဒဏ်ရာ သက်သာစေခြင်း ဆိုင်ရာသင်တန်းများ အကြောင်းမျှဝေအသိပေးရန် ဖြစ်သည်။ သိုမှသာ သူတို့ မိခင် အသင်းတော်၊ အဖွဲ့အစည်းများ အတွက် အသုံးပြုရန် သင့် လျော်မှု ရှိ၊ မရှိ ဆုံးဖြတ်နိုင် မည်။ ဤသို့ ပြုလုပ်ခြင်းသည် နှလုံးသား ဒဏ်ရာ သက်သာစေခြင်း သင်တန်းများ လုပ်ဆောင် ရန် အတွက် အထောက် အကူ ဖြစ်စေသည်။ အမြင်ဖွင့် သင်တန်းလို့ လည်း ခေါ်ဆိုနိုင်ပါသည်။

နည်းပြများ အဆင့်မြင့်တင်ပေးခြင်း အဆင့် (Equipping session)။

ဤသင်တန်း၏ ဦးတည်ချက်မှာ သင်တန်း ပို့ချ ပေးမည့် နည်းပြများ (facilitators) များကို လေ့ကျင့် သင်ကြားပေးခြင်းဖြစ်သည်။ ဤသင်တန်းတွင် ပထမအဆင့် ပြင်ဆင် လေ့ကျင့်ပေးခြင်းကို ပြုလုပ်ပေးသည်။ ၎င်းသင်တန်းတွင် တက်ရောက်သူများသည် သမ္မာကျမ်းစာ သွန်သင် ချက်နှင့် စိတ် ပညာဆိုင်ရာ နှလုံးသား ဒဏ်ရာ ကုထုံးများကို သင်ယူရသည်။ ထိုသင်တန်းတွင် ပင် မိမိတို့၌ ရှိနေသော စိတ်ဒဏ်ရာ များကို ဖေါ်ထုတ်ပြီး၊ ကျန်းမာ သက်သာလာစေရန် ခရစ်တော်ထံသို့ မိမိ ဒဏ်ရာများကို ယူဆောင်ခြင်းနှင့် အခြားသော သူများကို မည်သို့ ကူညီနိုင်မည့် နည်းစနစ်များကို လေ့လာ သင်ယူရသည်။ သူတို့ သင်ယူရသော သင်ခန်း စာများကို လက်တွေ့ ကုစားမှု အဆင့် (Healing groups) နှစ်ကြိမ်ပြုလုပ်ပြီးနောက် အဆင့်မြင့်တန်း သင်တန်းကို ဆက်တက် ရောက် ရသည်။

ကုစားမှုအဆင့် (Healing groups)။

ဤအဆင့် ပြုလုပ်ရခြင်း၏ ဦးတည်ချက်မှာ နှလုံးသား ဒဏ်ရာရနေသော သူများ၊ ကျန်းမာ သက်သာလာစေရန်၊ သမ္မာတရားနှင့် ထိတွေ့မှု ရှိစေရန်၊ နှင့် ခံနိုင်ရည် ရှိလာစေရန် အတွက် ဖြစ်သည်။ ကုစားမှု အဆင့်တွင် ပါဝင်သော သူများ ကျန်းမာ သက်သာလာ၍ သင်တန်းပိုချပေးသူများ အဖြစ် ဆက်လက် လုပ်ဆောင်လိုပါက ပြင်ဆင်လေ့ကျင့်ပေးခြင်း အဆင့်ကို တက်ရောက်ရမည်။ အချိန်ကြာ လာ သည်နှင့်အမျှ သူတို့သည် သင်ခန်းစာ တစ်ခုလုံး ကို သင်ကြားပေးနိုင်မည် ဖြစ်သည်။

စိတ်ဒဏ်ရာကျန်းမာစေခြင်း အငယ်စား သင်တန်း။ ဤအဆင့် ပြုလုပ်ရခြင်း၏ ဦးတည်ချက်မှာ ဒေသတွင်း လိုအပ် ချက် ကို လိုက်၍ သင်ကြား ပေးခြင်းဖြစ်သည်။ သင်ခန်းစာ တစ်ခုတည်း၊ ဆွေးနွေးလေ့ကျင့်ခန်း တစ်ခု၊ (သို့) သင်ခန်းစာ၏ တစ်စိတ် တစ်ပိုင်း လည်း ဖြစ်နိုင်သည်။

လူမှု အသိုင်းအဝိုင်းတွင်း ချိတ်ဆက်မှုအဆင့်။

ဤအဆင့်၏ ဦးတည်ချက်မှာ နှလုံးသား ဒဏ်ရာဆိုင်ရာ ပို့ချပေးသူများ၊ စိတ်ပညာ ဆိုင်ရာ ပညာရှင်များ၊ သက်ဆိုင်ရာ ခေါင်းဆောင်များ၊ အဖွဲ့အစည်းနှင့် အသင်းတော်များ အတူတစ်ကွ ပူးပေါင်း လုပ်ဆောင်၍ အဆင့်မြင့်တင်ရေး၊ ခွန်အား၊တွန်းအား ပေးရေး၊ နှင့် ဆုတောင်းပါဝင်ရေး စသည်တို့ကို အတူတစ်ကွ ပူး ပေါင်း ပါဝင်လုပ်ဆောင်ရန် ဖြစ်သည်။ ဤသို့ဖြစ် နှလုံးသား ဒဏ်ရာ ကျန်းမာစေခြင်း အမှုတော်မြတ် အကောင်ထည် ဖေါ်နိုင်မည် ဖြစ်သည်။

Print Friendly, PDF & Email
Share ရန်